Preloader

Frequently asked questions

ဆက်သွယ်ပါ

ကျွန်တော်တို့ရဲ့ အမြဲတိုးပွားနေတဲ့ ထောက်ပံ့ကူညီသူတွေနဲ့ ပူးပေါင်းဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများကို လေ့လာစုံစမ်းရန် ဆက်သွယ်လိုက်ပါ။

Viber :  ၉၅၉၈၈၄၄၆၂၆၄၁

General Questions

MPT Money ဆိုသည်မှာ သုံးစွဲသူများအနေဖြင့် ၎င်းတို့၏ မိုဘိုင်းလ်ဖုန်းများကို အသုံးပြု၍ ငွေကြေးဆိုင်ရာ လုပ်ငန်းဆောင်တာများကို အဆင်ပြေချောမွေ့စွာ လုပ်ဆောင်နိုင်ရန် ဝန်ဆောင်မှုပေးသည့် မိုဘိုင်းလ် ငွေကြေးဝန်ဆောင်မှု (Mobile Financial Services - MFS) တစ်ခု ဖြစ်ပါသည်။

ရရှိနိုင်သော ဝန်ဆောင်မှုများမှာ-

  • ဖုန်းငွေဖြည့်သွင်းခြင်း (Airtime Top-Up)

  • ငွေထုတ်ယူခြင်း (Cash Out)

  • ဈေးဆိုင်များသို့ ငွေပေးချေခြင်း (Merchant Payment)

  • ငွေလွှဲခြင်း (Send Money - ဝန်ဆောင်မှု ရရှိနိုင်သည့်အခါ)

  • MPT Pay မှ နောက်ထပ် မိတ်ဆက်ပေးသွားမည့် အခြားငွေကြေးဆိုင်ရာ ဝန်ဆောင်မှုများ ဖြစ်ပါသည်။

မိမိဖုန်းမှ *990# သို့ ခေါ်ဆိုပြီး စခရင်ပေါ်တွင် ပြသထားသည့် ညွှန်ကြားချက်များအတိုင်း အဆင့်ဆင့် လုပ်ဆောင်၍ မှတ်ပုံတင်နိုင်ပါသည်။

တရားဝင် မှတ်ပုံတင် (NRC) ရှိပြီး အသုံးပြုနေဆဲ MPT မိုဘိုင်းလ်ဖုန်းနံပါတ်ရှိသည့် သတ်မှတ်ချက်ကိုက်ညီသော မည်သည့် MPT သုံးစွဲသူမဆို MPT Pay ကို မှတ်ပုံတင်နိုင်ပါသည်။

မလိုပါ။ MPT Pay မှတ်ပုံတင်ခြင်းကို လုံးဝအခမဲ့ ဆောင်ရွက်နိုင်ပါသည်။

မရသေးပါ။

မှတ်ပုံတင်ပြီးနောက် သတ်မှတ်ထားသော စည်းမျဉ်းစည်းကမ်းများနှင့်အညီ ငွေကြေးဆိုင်ရာ လုပ်ငန်းဆောင်တာများ ဆောင်ရွက်နိုင်ရန်အတွက် လိုအပ်သော KYC (ဖောက်သည်ဖြစ်ကြောင်း အထောက်အထား စိစစ်ခြင်း) လုပ်ငန်းစဉ်ကို ပြီးမြောက်အောင် ဆောင်ရွက်ရမည်ဖြစ်ပြီး သင့်တော်ရာ အကောင့်အဆင့် (Account Level) သို့ မြှင့်တင်ရပါမည်။

သုံးစွဲသူများအနေဖြင့် တရားဝင် MPT Pay Viber ချန်နယ်ဖြစ်သော ၀၉၈၈၄၄၆၂၆၄၁ (09884462641) မှတစ်ဆင့် အောက်ပါအထောက်အထားများကို ပေးပို့ရန် လိုအပ်ပါသည်-

  • မှတ်ပုံတင် အရှေ့ဘက်ဓာတ်ပုံ

  • မှတ်ပုံတင် အနောက်ဘက်ဓာတ်ပုံ

  • လက်ရှိ ရိုက်ကူးထားသော ကိုယ်တိုင်ရိုက် (Selfie) ဓာတ်ပုံ

စိစစ်ရေးအဖွဲ့က ပေးပို့လာသော အထောက်အထားများကို ပြန်လည်စစ်ဆေးပြီး စိစစ်မှုအောင်မြင်ပါက သုံးစွဲသူထံသို့ အသိပေးအကြောင်းကြားသွားမည် ဖြစ်ပါသည်။

လုပ်ဆောင်ပေးရမည့် အချိန်ပမာဏသည် ပေးပို့လာသော လျှောက်ထားလွှာ အရေအတွက်အပေါ် မူတည်ပြီး ကွာခြားနိုင်ပါသည်။